
ထင်ရှားလူသိများတဲ့ လက်ဘနွန် ထောက်လှမ်းရေး အကြီးအကဲတစ်ဦးဟာ မြို့တော် ဘေရွတ်က ကားဗုံးပေါက်ကွဲမှု ဖြစ်စဉ်အတွင်း သေဆုံးသွားတဲ့အပြင် အခြား အနည်းဆုံးလူ ၈ ဦးလောက်ပါ သေဆုံးသွားပြီး လူပေါင်း ၉၀ ကျော်လောက် ဒဏ်ရာ ရသွားခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြထားပါတယ်။ လက်ဘနွန် ပြည်တွင်းလုံခြုံရေးရာ တပ်ဖွဲ့ (ISF) မှ ထောက်လှမ်းရေး အကြီးအကဲ ဝစ်ဆမ်အယ်ဟက်ဆန် သေဆုံးမှုနောက်ကွယ်မှာ ပါဝင်ပတ်သက်မှုရှိတယ်လို့ ယူဆခံရတဲ့ ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်နဲ့ ရင်းနှီးတဲ့သူတစ်ဦးဖြစ်ပြီး လက်ဘနွန်နိုင်ငံထဲကို ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းရာမှာ ကူညီပေးသူတစ်ဦးအဖြစ် စွပ်စွဲခံနေရတဲ့ မိုက်ကယ်ဆာမာဟာ ဆိုသူကို ဖမ်းဆီးဖို့ ဦးတည်နေပြီဖြစ်ကြောင်း သတင်းများမှာ ဖေါ်ပြထားပါတယ်။ လက်ဘနွန် ပြည်တွင်းလုံခြုံရေးရာ တပ်ဖွဲ့ (ISF) ဟာ ဆီးရီးယား အစိုးရ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆနေကြတဲ့ လက်ဘနွန်ဝန်ကြီးချုပ် ရာဖစ်အယ်ဟာရီရီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်နေသူများကို စုံစမ်းဖေါ်ထုတ်ရာတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်လုပ်ဆောင်ပေးခဲ့တဲ့ အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုလုပ်ကြံသတ်ဖြတ်ခံရတဲ့ လက်ဘနွန် ထောက်လှမ်းရေး အကြီးအကဲ ဝစ်ဆမ်အယ်ဟက်ဆန်ဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ လက်ဘနွန် ဝန်ကြီးချုပ်ရဲ့ သား တစ်ဦးဖြစ်ပြီး လက်ဘနွန် အတိုက်အခံခေါင်းဆောင် တစ်ဦးလည်းဖြစ်တဲ့ ဆာယာ့ဒ် အယ်ဟာရီရီနဲ့ ရင်းနှီးသူ တစ်ဦး ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။
0 comments:
Post a Comment