မြန်မာနိုင်ငံမှာတော့ အနာမျိုး ၉၆ ပါးရောဂါဆိုပြီး ရှိပါတယ်။
ဒီအမျိုးသမီးရဲ့ ရောဂါကတော့ မည်သည့် ရော ဂါတွင် ပါမလဲတော့ မပြောတတ်ပါ။
ကိုယ့်အမျိုးသမီးသာ ဒီလိုရောဂါမျိုး ခံစားနေရလို့ကတော့ ဘယ်လို ဖြေ ရှင်းပေး
ရပါ့မလဲ လို့ အတော်စဉ်းစားယူ ရပါတယ်။ လူအများစု အတွက်ကတော့ Sex ဆိုတဲ့ အရာမှာ စိတ်ချမ်းသာ ပျော်ရွှင်မှု
အနည်းအများ ရှိကြပါလိမ့်မယ်။ ဒါေ ပမယ့် Gretchen Molannen အတွက်ကတော့
အဲဒီ ခံစားမှုဟာ ဆိုးဝါးလွန်းပြီး တစ်သက်တာ အဲဒီအာရုံ မခံစားရပါစေနဲ့လို့
ဆုတောင်းရတဲ့ အထိ။ ထူးထူးခြားခြား သူမရဲ့ ရောဂါကတော့ တစ်ကိုယ်တည်း စိတ်ဖြေဖျောက်ရခြင်းပါ။
တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် သူမဦးနှောက်က စေခိုင်းသည့်အတိုင်း
အကြိမ်ကြိမ် နာရီများစွာ လုပ်ဆောင် ရပါသတဲ့။ နောက်ဆုံးမှာတော့ အကိမ် ၅၀
လောက် တစ်နေ့ထဲ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနေ့မှာတော့ သူမကိုယ်သူမ
သေပြီလို့တောင် ထင်ခဲ့ရပါသတဲ့။ သူမရဲ့ ရောဂါကိုတော့ persistent genital arousal disorder (PGAD)
လို့ခေါ်ပြီး အာသာရမ္မက် လွန်ကဲ စွာနှိုးဆော်တတ် တဲ့ ရောဂါဖြစ်ပါတယ်။ သူမကတော့
၁၆ နှစ်လောက် အဲဒီရောဂါကို ခံစားခဲ့ရပြီးမှ သေဆုံးခဲ့ရတာပါ။ သူမ အခြေအနေ ကလည်း သနားစရာပါ။ သူမရဲ့ ရောဂါအတွက် တစ်ခုတည်းသော နည်းလမ်းက
တံခါးကို သော့ပိတ်၊ နာရီများစွာ ဆန္ဒဖြေရတာမို့ သူမအတွက် အလုပ်ကောင်းကောင်း
လုပ်နိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ ပြင်သစ်၊ ဂျာမန်၊ စပိန် စကားများ
ပြောတတ်ပေမယ့်လည်း ဘာသာပြန် တစ်ယောက် အဖြစ် အလုပ်မလုပ် ခဲ့ရပြန်ပါဘူး။ သူမဟာ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် သတ်သေဖို့ ကြိုးစားခဲ့သလို ဆရာဝန်
မျိုးစုံနဲ့လဲ ပြကြည့် ခဲ့ဖူးပါတယ်။ နောက်ဆုံးတော့ သူမဟာ ၂၀၁၂ ဒီဇင်ဘာလ ၎
ရက်နေ့မှာ ဒီအခက်အခဲ ကြီးကနေ လွတ်မြောက်သွားနိုင် ခဲ့ပါတော့တယ်။
11:09 PM
ကျော်စွာစစ်သူ
Posted in:






0 comments:
Post a Comment