
Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာသည် Internet မှတဆင့် မဲပေးရွေးချယ်ရသည့် People's Choice Award ကို ဆန္ဒမဲပေးသူ ၂၁၀၀၀ ကျော်ဖြင့် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုအတွက် အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာအား People's Choice Award အား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ "မြန်မာကိုယ်စားပြု အလှမယ်ရတဲ့ People's Choice Award ကို ဒီညနေမှာ Miss International ပြိုင်ပွဲဝင်တွေပဲ ပါတဲ့ ညစာစားပွဲမှာ ပေးအပ်ခဲ့တယ်လို့ Internet ကတဆင့် သိရပါတယ်။ နန်းခင်ဇေယျာ ကိုယ်တိုင်ကတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကို တရားဝင် ဆက်သွယ်အသိပေး ပြောကြားလာတာမျိုး မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြုဆုရတဲ့ အတွက် ဝမ်းသာမိပါတယ်" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဖြိုးဝေရာဇာက အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီခန့်က ပြောကြားခဲ့ပါသည်။
12:28 AM
ကျော်စွာစစ်သူ
Posted in:






0 comments:
Post a Comment