October 22, 2012

ဘောလီးဝုဒ်အထိ ထိုးဖောက်ရောက်ရှိ သွားသည့် Gangnam Style


ဂင်းနစ် မှတ်တမ်းတွင် ကမ္ဘာ့ လူကြိုက် အများဆုံး ဗီဒီယို အဖြစ် မှတ်တမ်းတင် ခံရသည့် တောင် ကိုရီးယား အဆိုတော် PsyGangnam Style (ဂမ်းနမ်စတိုင်) တေးသီချင်းသည် ဘောလီးဝုဒ် ရုပ်ရှင် လောကကိုပါ ထိုးဖောက် လာခဲ့ပြီဟု သိရသည်။ ဘောလီးဝုဒ် မင်းသားကြီး အမီတာဘချမ်း၊ ရှာရွတ်ခန်းနှင့် ကာထရီနာ ကိုင်ဖ်တို့သည်လည်း KBC ရုပ်သံတွင် ဂမ်းနမ် စတိုင် ကကွက်များဖြင့် ကပြ ဖျော်ဖြေ ခဲ့ကြကြောင်း သိရသည်။ ဘောလီးဝုဒ် အကျော်အမော် အဆိုပါ အနုပညာရှင် သုံးဦးသည် မကြာမီ ထုတ်လွှင့်ပြသမည့် ၎င်းတို့ ပါဝင်သော "Jab Tak Hai Jaan" ရုပ်ရှင် အရောင်း မြှင့်တင်ရန် အတွက် တောင်ကိုရီးယား နိုင်ငံ၏ KBC ရုပ်သံတွင် တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်ပြီး ဂမ်းနမ် စတိုင်ကကွက် များကို ကမ္ဘာ တစ်ဝှမ်းမှ ပရိသတ်များ အံ့သြစေရန် ကပြခဲ့ကြခြင်း ဖြစ်သည်။ ဂမ်းနမ် စတိုင်ကို အလွန်နှစ်သက် ကြောင်းပြသသည့် အနေဖြင့် မင်းသားကြီး အမီတာ ဘချမ်းက KBC ရုပ်သံတွင် ကခဲ့သော ပုံများအား သူ၏ ဖေ့ဘွတ်ခ် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ခဲ့သည်။ ဂမ်းနမ် စတိုင်သည် You tube ဝက်ဘ်ဆိုက် တွင်လည်း နှစ်သက် ထောက်ခံသူ ၂၁၄၁၇၅၈ ဦးဖြင့် You tube ဝက်ဘ်ဆိုက် သမိုင်း၌ လူကြိုက် အများဆုံး အဖြစ်   မှတ်တမ်းတင် ခံခဲ့ရကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3