October 22, 2012

Gangnam Style ကခုန်သော ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ အလုပ်ပြုတ်မည့်အရေးကြုံ


Gangnam Style သီချင်းဖြင့် ကခုန်မိသောကြောင့် အလုပ်ပြုတ်သွားသူ ကမ်းခြေစောင့် တပ်ဖွဲ့များ အလုပ်ပြန်ရရန် ကယ်လီဖိုးနီးယားရှိ အယ်လ်မွန်တီ မြို့တော်ကောင်စီသည် ထောက်ခံကူညီနေရကြောင်း သိရသည်။ ကယ်လီဖိုးနီးယား တောင်ပိုင်းဒေသတွင် ကမ်းခြေစောင့် တပ်ဖွဲ့ဝင် (၁၄) ဦးတို့သည် လက်ရှိ ကမ္ဘာကျော် သီချင်းဖြစ်သော တောင်ကိုရီးယား အဆိုတော် PSYGangnam Style သီချင်းကို တုပ ကခုန်ခဲ့ကြသည်။ ၎င်းတို့က Lifeguard Style ဟု အမည်ပေးထားသော ဗီဒီယိုကို ရိုက်ကူးရာတွင် ရေလှောင်ကန် တစ်ခုထဲတွင် ငုပ်လျှိုးပြီး ရေအောက်တွင် PSY၏ မြင်းစီးနေသော အကပုံစံဖြင့် ကခုန်ခဲ့ခြင်း ဖြစ်သည်။ ထိုဗီဒီယိုကို YouTube တွင် လွှင့်တင်ခဲ့ရာ လူပေါင်း နှစ်သန်းကျော် ဝင်ရောက် ကြည့်ရှုခဲ့ကြသည်။ သို့သော် အဆိုပါ ဗီဒီယိုကို နေရာမှာ မြူနီစပယ် ငါးပြတိုက် တစ်ခုတွင် ခွင့်ပြုချက်မယူဘဲ သွားရောက် ရိုက်ကူးခဲ့ခြင်းဟု သိရှိလာသည့်နောက် ထိုတပ်ဖွဲ့ဝင် (၁၄) ဦး အလုပ်ပြုတ်သည့် အခြေအနေနှင့် ကြုံခဲ့ရခြင်း ဖြစ် သည်။ သို့သော်လည်း Facebook တွင် ၎င်းတို့ကို ထောက်ခံအားပေးကြောင်း လှုပ်ရှားမှုများ ရှိခဲ့သလို အလုပ်မဖြုတ်ရန် တောင်းဆိုမှုများ ကြီးမားလာသည့်နောက် မြို့တော်ဝန် အန်ဒရီ ကွင်တာရိုကပါ ကြားဝင်ဆောင်ရွက်လာရခြင်း ဖြစ်သည်။ လက်ရှိတွင်မူ မြို့တော် ကောင်စီက မြို့တော်ဝန်၏ တောင်းဆိုမှုကို လိုက်လျောခြင်း မရှိသေးဘဲ ယခုကိစ္စအတွက် ပြန်လည် စီစစ်သွားမည်ဟု သိရှိရသည်။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3