
ကုလသမဂ္ဂ ထွေထွေညီလာခံတွင် မိန့်ခွန်းပြောရန်အတွက် နယူးယောက်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ၀န်ကြီးများသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၂၆-၉-၂၀၁၂ ရက်က တွေ့ဆုံခဲ့ကြသည်။ ယင်းတွေ့ဆုံမှုမတိုင်မီ သမ္မတဦးသိန်းစိန်သည် ကမ္ဘာတစ်ဝန်း ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသော Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်တို့နှင့် ယင်းတည်းခိုရာ ဟိုတယ်တွင် တွေ့ဆုံခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲ၌ ဟီလာရီကလင်တန်က ''မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတွေကို အသိအမှတ်ပြုပါတယ်။ လူ့အခွင့်အရေး တိုးတက်မှု ရှိလာ တာတွေလည်း ချီးကျူးပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ WorkShop ကြီးတစ်ခုကို အမေရိကန်အစိုးရက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ လာကျင်း ပပေးချင်ပါတယ်'' ဟုပြောကြားသည်။ ထို့ပြင်မြန်မာနိုင်ငံမှ အမေရိ ကန် ပြည်ထောင်စုသို့ ရောင်းချရန် ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးမည်ကြောင်း ပြောကြားသွားသည်။ ယင်းသို့ ရုပ်သိမ်းလိုက်လျှင် ကုန်သည်ရေးအရ ပိတ်ဆို့ထားသည့် ကျောက်မျက်၊ ငါး၊ ပုစွန်၊ သစ် တို့ကို အမေရိကန်သို့ ပြန်လည်တင်ပို့ ရာင်းချနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။
11:41 PM
ကျော်စွာစစ်သူ
Posted in:






0 comments:
Post a Comment