October 22, 2012

ဟီဂူအင်းအတွက် ဂျူဗင်းတပ်စ်ထံမှ အားပြိုင်လာမှုနှင့် ချယ်လ်ဆီးကြုံနေရ



ချယ်လ်ဆီး အသင်းသည် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်းအား ရရှိရေး အတွက် ဂျူဗင်းတပ်စ်ထံမှ အားပြိုင်လာမှုနှင့် ကြုံနေရကြောင်း  သိရှိရသည်။ ဒီဒီရာ ဒရော့ဂ်ဘာ အသင်းမှ ထွက်ခွာသွားဖြစ်ပါက အာဂျင်တီးနား လက်ရွေးစင် ဟီဂူအင်းအား ခေါ်ယူရန် ချယ်လ်ဆီးက ရည်ရွယ်ထားသော်လည်း ယခုအခါ ဂျူဗင်းတပ်စ် အသင်းက ကစား သမားကို ပေါင်စတာလင် (၂၄)သန်း ဈေးပေး ခေါ်ယူရန် ပြင်ဆင်လျက် ရှိသည်။ အီတလီ ကလပ်အသင်းသည် ဘောလုံးရာသီ အကုန်တွင် အသက် (၂၄)နှစ်ရှိ ဟီဂူအင်းအတွက် အတည်ပြု ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖွယ် ရှိနေကြောင်း သိရသည်။ ဟီဂူအင်းသည် စပိန်ကလပ်တွင် ကီရင်ဘန်ဇီးမားနှင့် တစ်လှည့်စီ ပွဲထွက်နေရပြီး ရာသီကုန်တွင် အပြောင်းအရွှေ့ အတွက် စဉ်းစားဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ဂျူဗင်းတပ်စ်သည် ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် ကျိန်းသေ ရရှိလာပါက ဟီဂူအင်းကို ကမ်းလှမ်းရန် လုပ်ဆောင်နိုင်ဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ ချယ်လ်ဆီးသည် နီကိုလက်စ် အနယ်လ်ကာ အသင်းပြောင်းသွားပြီဖြစ်ပြီး ဒရော့ဂ်ဘာပါ အသင်းမှ ထွက်ခွာ ဖြစ်ပါက တိုက်စစ်မှူးသစ် မဖြစ်မနေ ခေါ်ယူရဖွယ် ရှိနေသည်။ ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ယခင်ကတည်းက ဟီဂူအင်း၏ ကစားဟန်ကို နှစ်သက် သဘောကျခဲ့သူ တစ်ဦးလည်းဖြစ်သည်။ အခြားသော သတင်းများအရ ပဲရစ်စိန့်ဂျာမိန်းသည်လည်း ဟီဂူအင်းအား ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3