
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်သည် လာမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ကစားရန်အတွက် ယူ-၁၂ အသင်းအား ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းအတွက် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့မှ ပဏာမ ကစားသမား (၄၀) ဦးဖြင့် ရွေးချယ်ကာ စတင်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ ပဏာမ ကစားသမားများကို လွန်ခဲ့သည့် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ယူ-၁၂ ဘောလုံး ပြိုင်ပွဲမှ စိစစ်ရွေးချယ်ကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပဏာမစာရင်းတွင် ပါဝင်သော ကစားသမား ၄၀ဦးအား အပြီးသတ် ရွေးချယ်မှုများ ထပ်မံပြုလုပ်ပြီး ယူ-၁၂ လက်ရွေးစင်အသင်းကို ကစားသမား ၃၀ ဦးဖြင့် ရွေးချယ် ဖွဲ့စည်းသွားမည် ဖြစ်သည်။ အောက်မြန်မာပြည် ကိုယ်စားပြု ရွေးချယ်ခံထားရသည့် ကစားသမား ၂၁ ဦးကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီတွင် သုဝဏ္ဏ လေ့ကျင့်ရေးကွင်း(၁) တွင်အပြီး သတ်လူရွေးချယ်မှုပြုလုပ်မည်ဖြစ်ပြီး၊ အထက်မြန်မာပြည်မှ ရွေးချယ်ခံရသည့် ကစားသမား ၁၉ ဦးကို နိုဝင်ဘာလ ၂၅ ရက်နေတွင် မန္တလေးအကယ်ဒမီတွင် အပြီးသတ် လူရွေးချယ်မှု ပြုလုပ်သွားမည် ဖြစ်သည်။ ကစားသမားရွေးချယ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးဝင်းသူမိုးက ၎င်းတို့အနေဖြင့် အသင်းမှ ကစားသမားများကို ကြိုတင်ရွေးချယ်ထားခြင်းဖြစ်ပြီး ကစားသမားများ၏ ပြင်ဆင်လေ့ကျင့်မှုများကို လာမည့် နွေရာသီ ကျောင်းပိတ်ရက်မှသာ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
12:36 AM
ကျော်စွာစစ်သူ
Posted in:






0 comments:
Post a Comment