October 17, 2012

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အကယ်ဒမီထူးချွန်ဆုကို ၂၀၁၄ မှစ၍ တာဝန်ယူပေးအပ်သွားမည်



မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အကယ်ဒမီ ထူးချွန်ဆုများကို ၂၀၁၄ခုနှစ်မှစ၍ တာဝန်ယူပေး အပ်သွား မည် ဖြစ်ကြောင်း သိရသည်။ အကယ်ဒမီ ထူးချွန်ဆုကို ၂၀၁၁ခုနှစ်နဲ့ ၂၀၁၂ခုနှစ် အတွက်ကတော့ မြန်မာ့ ရုပ်ရှင်လုပ်ငန်း ကနေ တာဝန်ယူပေးအပ်သွားမှာ ဖြစ်ပြီးတော့ ၂၀၁၃ခုနှစ်မှာ ပြသတဲ့ ကားတွေအတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ၂၀၁၄ကစပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက တာဝန်ယူပေးအပ်သွားမှာပါ။ အကယ်ဒမီ ထူးချွန်ဆုတွေကို ၀ါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးတွေက အကဲဖြတ်ပြီး ပေးအပ်သွားပါမယ်'ဟု မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက ပြောကြားသည်။ ယခုကဲ့သို့ ၂၀၁၄ခုနှစ်မှစ၍ အကယ်ဒမီ ထူးချွန်ဆုပေး ပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ယူပေး အပ်ခြင်းမှာ အကယ်ဒမီဆုကို ဆုပေး၊ ဒဏ်ပေး စနစ်ဖြင့် ပေးအပ်သည့် ဆုတစ်ဆုဖြစ်လာခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် အကယ်ဒမီဆုပေးရာတွင် ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးခံယူချက်များဖြင့် တိုင်းတာလာခဲ့ပြီး နိုင်ငံတော်ကပေးသည့် ရည်ရွယ်ချက်နှင့် ရုပ်ရှင်လောက သားများ ၏ မျှော်လင့်ချက်များ ကွာခြား လာခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ရုပ်ရှင်လောကသားများ စုပေါင်းပြီး အကယ်ဒမီဆုကို ၀ါရင့် အနုပညာရှင်များက ရွေးချယ်ပေးအပ်ရန် တင်ပြခဲ့ရာ ရရှိခဲ့ကြောင်း၊သို့သော်၂၀၁၁-၂၀၁၂တွင် အကယ်ဒ မီဆုပေးပွဲကို တာဝန်ယူပေးအပ်ရန် ပြင်ဆင်ချိန် မရခဲ့ခြင်းကြောင့် ၂၀၁၄မှသာစ၍ ပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3