October 22, 2012

ဂျက်စတင်နှင့်ဂျက်ဆီကာ အီတလီတွင် လျှို့ဝှက်လက်ထပ်


 
ဂျက်စတင်တင်းဘားလိတ်ခ်နှင့် ဂျက်ဆီကာဘေးလ် တို့သည် ယခင်ကတည်းက သတင်းများ ထွက်ပေါ်နေသည့်အတိုင်း အတည်ပြု လက်ထပ်ခဲ့ပြီ ဖြစ်သည်။ ဟောလီးဝုဒ်၏ နာမည်ကျော် စာရင်းဝင် စုံတွဲသည် စေ့စပ်ပြီး ကာလအတန်ကြာသည်အထိ လက်ထပ်ပွဲ အစီအစဉ်ကို မကြေညာခဲ့ဘဲ သောကြာနေ့ကမှ မိမိတို့နှစ်ဦး ထိမ်းမြားခဲ့ပြီးဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခြင်းဟု သိရသည်။ အီတလီ တောင်ပိုင်းတွင် လက်ထပ်ပွဲ ကျင်းပခဲ့ကြောင်း ဂျက်ဆီကာနှင့် ဂျက်စတင်တို့က People မဂ္ဂဇင်းသို့ ဖွင့်ဟ ပြောကြားခဲ့သည်။ ထိုလက်ထပ်ပွဲကို လျှို့ဝှက်ထားခဲ့ပြီး ရင်းနှီးသော မိတ်ဆွေများနှင့် မိသားစုဝင်များကိုသာ ဖိတ်ကြားခဲ့ကြောင်းလည်း ဆိုသည်။ ထိုပွဲတွင် နာမည်ကျော် အနုပညာရှင် နှစ်ဦး၏ Celebrity အပေါင်းအသင်းအချို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိသော်လည်း ဂျက်စတင်၏ ယခင် အမျိုးသား အဆိုတော်အဖွဲ့ N Sync မှ အဖွဲ့ဝင်ဟောင်း နှစ်ဦး လာရောက်ခဲ့ကြောင်းမူ သိရှိရသည်။ ဂျိုယေးဖာတွန်သည် ထိုပွဲသို့ သေချာပေါက် တက်ရောက်ခဲ့ပြီး ကျန်တစ်ဦးကိုမူ အမျိုးမျိုး ခန့်မှန်းချက် ပေးနေကြသည်။ လန့်စ်ဘေ့စ်က ထိုပွဲသို့ မိမိ မတက်ရောက်ဖြစ်ခဲ့ကြောင်း Twitter တွင် အတည်ပြု ရေးသားခဲ့သည်။ ဘေ့စ်သည် ပြီးခဲ့သည့် သီတင်းပတ်က Gay အခွင့်အရေး လှုပ်ရှားမှုများအတွက် အလုပ်များနေခဲ့သည်။ ခရစ်ကာ့ခ်ပက်ထရစ်မှာ ထိုပွဲအတွက် ဖိတ်ကြားခံထားရဖွယ် ရှိပြီး အောက်တိုဘာ (၁၇)ရက်နေ့က အီတလီမသွားမီ ရိုက်ထားသောပုံဟု စာတန်းထိုးထားသည့် ဓာတ်ပုံတစ်ပုံကို Twitter တွင် လွှင့်တင်ထားသေးသည်။ သို့သော် မင်္ဂလာပွဲကို တက်ရောက်ခဲ့ခြင်း ရှိမရှိကိုမူ ကာ့ခ်ပက်ထရစ်က နှုတ်မဟခဲ့ချေ။ ဂျေစီချာဆက်ဇ်ကလည်း မိမိအနေဖြင့် မင်္ဂလာပွဲ တက်ခဲ့ခြင်း ရှိမရှိ လုံးဝ မပြောဆိုသေးဘဲ နှုတ်ဆိတ်နေခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3