October 22, 2012

ကက်ရှ်မီးယား ဒေသရှိ နယ်စပ်ထိန်းချုပ်ရေး မျဉ်းအနီးတွင် အိန္ဒိယနှင့် ပါကစ္စတန်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း

အိန္ဒိယနှင့် ပါကစ္စတန် တပ်ဖွဲ့များသည် အိန္ဒိယမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသ အတွင်းရှိ နယ်စပ် ထိန်းချုပ်ရေး မျဉ်းတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အိန္ဒိယ အရာရှိ များက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ ဆရီနာ ဂါမြို့၏ အနောက် တောင်ဘက် ၁၈၅ ကီလိုမီတာအကွာ ပွန့်ရှ်ခရိုင်၊ Goutrian နှင့် Mankote-Mendhar ဒေသရှိ နယ်စပ် ထိန်းချုပ်ရေး မျဉ်းတစ် လျှောက်တွင် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်း၌ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း သိရှိရ ပါသည်။ အောက်တို ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အပြန်အလှန် ပစ်ခတ်မှုများ စတင်ခဲ့ပြီး သန်းခေါင်ယံ အချိန်အထိ ပစ်ခတ်မှုများ ဖြစ်ပေါ် ခဲ့ကြောင်း၊ ပါကစ္စတန် တပ်ဖွဲ့ဝင်များမှ အိန္ဒိယ စခန်းများအား လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဂျမူးဒေသရှိ အိန္ဒိယ စစ်ဘက်၏ ပြောခွင့်ရ ဗိုလ်မှူးကြီး အာကေပါတာက ပြောကြားခဲ့ပါသည်။ Goutrian ဒေသ၌ ပစ်ခတ်မှုများ စတင်ဖြစ်ပေါ် ခဲ့ပြီးနောက် Mendhar ဒေသသို့ ဆက်လက် ကူးစက်ခဲ့ ကြောင်းနှင့် အိန္ဒိယ စစ်ဘက် ကလည်း ပြန်လည် ပစ်ခတ် မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။ သို့သော် ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက် သေဆုံး မှုအား ထုတ်ပြန်ခြင်း မရှိသေး ကြောင်း သိရှိရ ပါသည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဆရီနာဂါမြို့ အနောက် မြောက်ဘက် ၁၁ဝ ကီလိုမီတာ အကွာ ဘာရာ မြူလာခရိုင် ယူရီနယ် အတွင်းရှိ နယ်စပ် ထိန်းချုပ်ရေး မျဉ်းအနီးမှ ရွာတစ်ရွာ အား ပါကစ္စတန် တပ်ဖွဲ့မှ စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ မှုကြောင့် ရွာသား ၃ ဦး သေဆုံးခဲ့ရ ကြောင်း အိန္ဒိယစစ်တပ်မှ ပြောကြား ခဲ့ပါသည်။  ဟိမဝန္တာ ပြည်နယ် ဝန်ကြီးချုပ် အိုမာအက် ဒူလာသည် အောက်တို ဘာလ ၁၇ ရက်နေ့က အိန္ဒိယနှင့် ပါကစ္စတန် တပ်ဖွဲ့ ၂ ခုလုံးအား နယ်စပ် ထိန်းချုပ်ရေး မျဉ်းတစ်လျှောက် အပစ်အခတ် ရပ်စဲပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိ ရပါ သည်။ ၂ဝဝ၃ ခုနှစ်က အိန္ဒိယနှင့် ပါကစ္စတန် တို့သည် ကက်ရှ်မီး ယား ဒေသရှိ နယ်စပ် ထိန်းချုပ်ရေး မျဉ်း တစ်လျှောက်တွင် အပစ်အခတ် ရပ်စဲရန် သဘော တူညီခဲ့ကြ သော် လည်း နှစ်ဖက် စလုံးမှ ၎င်းသဘော တူညီချက်အား ချိုးဖောက်မှုများ ရှိခဲ့ကြကြောင်း သိရှိရပါသည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံ တို့သည် ဟိမဝန္တာ ပြည်နယ် ကက်ရှ်မီး ယား ဒေသ ပိုင်ဆိုင်မှု အပေါ် အငြင်း ပွား နေကြခြင်း ဖြစ်ပါသည်။ ဗြိတိသျှထံမှ လွတ်လပ်ရေး ရပြီးနောက် နှစ်နိုင်ငံ အကြား စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ရာ ၂ ကြိမ်မှာ ကက်ရှ်မီးယား ပြဿ နာကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3