October 22, 2012

ရှုံးထွက်ကွာတားဖိုင်နယ်ပွဲစဉ်များ ယနေ့တွင် မဲခွဲမည်


ယခုနှစ် MFF Digicel Cup  ရှုံးထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များကို ယနေ့ နေ့လည်ပိုင်း တွင် မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ် MFF ရုံးချုပ် အစည်းအဝေး ခန်းမ၌ မဲခွဲ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ မဲနှိုက် ရွေးချယ်ပွဲနှင့်အတူ ပြိုင်ပွဲအား ရုပ်သံထုတ်လွှင့်ခွင့် ရရှိထားသည့် SKY Net ရုပ်သံနှင့် MFF တို့ ပြိုင်ပွဲနှင့် ပတ်သက်၍ ရုပ်သံမူပိုင်ခွင့် ရောင်းချခြင်းဆိုင်ရာ စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်သို့ လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက်၊ ကမ္ဘောဇ၊ ရတနာပုံ၊ ဇေယျာရွှေမြေ ရခိုင် ယူနိုက်တက်နှင့် ဟံသာဝတီအပြင် ဧရာဝတီနှင့် နေပြည်တော် အသင်းတို့ တက်ရောက် လာခဲ့ကြသည်။ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့သည့် ယင်း ရှုံးထွက်ဖလား ပြိုင်ပွဲတွင် ပထမဆုံး အနေဖြင့် ဟံသာဝတီ (ယခင် ဥဿာယူနိုက်တက် အသင်းက ချန်ပီယံ အသင်းဖြစ်ပြီး ယမန်နှစ်က ရန်ကုန် ယူနိုက်တက် အသင်းမှာ MNL ချန်ပီယံဆုနှင့် အတူ ပြိုင်ပွဲ၏ ဒုတိယမြောက် ချန်ပီယံ ဆုကိုပါ ရရှိခဲ့ပြီး ဖလား ၂ လုံး ရရှိခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3