
မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းသည် ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပပြုလုပ် နေသည့် အာရှယူ-၁၉ ချန်ပီယံ ရှစ် ခြေစစ်ပွဲစဉ် များတွင် အုပ်စုပွဲစဉ် အားလုံး အနိုင် ရရှိပြီး အုပ်စု ပထမ နေရာဖြင့် ခြေစစ်ပွဲ အောင်မြင် သွားခဲ့ သည်။ မြန်မာအသင်းသည် ယမန်နေ့ အုပ်စု နောက်ဆုံး ပွဲစဉ်တွင် ဟောင်ကောင် အသင်းကို (၈-၀)ဂိုးဖြင့် အနိုင် ရရှိကာ (၃) ပွဲ ကစား (၃)ပွဲနိုင်၊ ရမှတ် (၉) မှတ်ဖြင့် အုပ်စု ပထမ နေရ ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းသည် အဖွင့် ပွဲစဉ်တွင် တရုတ်(တိုင်ပေ)ကို (၃-၁)ဂိုး၊ အိမ်ရှင် ဖိလစ်ပိုင်ကို (၄-၀)ဂိုး၊ ဟောင်ကောင်ကို (၈-၀)ဂိုး တို့ဖြင့် ပွဲစဉ်တိုင်း အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။ ခြေစစ်ပွဲ အောင်မြင် သွားသော မြန်မာအမျိုးသမီး အသင်း အနေဖြင့် လာမည့် ဒီဇင်ဘာ (၁) ရက်နေ့မှ (၉)ရက် နေ့အထိ ဗီယက် နမ် နိုင်ငံတွင် ကျင်းပမည့် ဒုတိယအဆင့် ပွဲစဉ်များသို့ တက်ရောက် ကစားခွင့် ရရှိမည်ဖြစ် သည်။ ဒုတိယ အဆင့် ခြေစစ်ပွဲစဉ်များကို ထိုင်း အသင်း ပါဝင်သော အုပ်စုနှင့် ဗီယက်နမ် အသင်း ပါဝင်သော အုပ်စု(၂)ခု ခွဲဝေထားပြီး မြန်မာ အသင်း အနေဖြင့် ယင်းအဆင့်ကို ထပ် မံ ဖြတ်ကျော် ပြီးပါက ဂျပန်၊ တောင်ကို ရီးယား၊ တရုတ် စသည့် ထိပ်တန်း အသင်းများနှင့် အတူ လာမည့် အုပ်စုအဆင့် နောက်ဆုံး ပွဲစဉ် များကို လာမည့် ၂၀၁၃ ခုနှစ် အတွင်း ယှဉ်ပြိုင် ကစား ရမည် ဖြစ်သည်။
7:29 PM
ကျော်စွာစစ်သူ
Posted in:






0 comments:
Post a Comment