October 17, 2012

မှတ်ညဏ်ချို့ယွင်းမှုပြသနာများ လျှော့ချပေးနိုင်


  



ဗီတာမင် B6၊ B12 နှင့် ဖောလစ်အက်စစ်အပါအ၀င် ဗီတာင် ဘီ အုပ်စုများဟာ သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်လေ့ရှိသော အယ်လ်ဇိုင်းမား ရောဂါ(Alzheimer disease) နှင့် အခြားသော မှတ်ဥာဏ်ချို့ယွင်းသည့် ပြဿနာများကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ မှတ်ဥာဏ်ချို့ယွင်းမှု လက္ခဏာပေါ်ပေါက်နေသော လူနာများနှင့် သွေးထဲတွင် ဟိုမိုစစ်စတင်း(homocysteine) ပမာဏမြင့် မားနေသော လူနာများတွင် ဗီတာမင်ဘီဆေးဝါးများကို သိသိသာသာတုံ့ပြန်နိုင်စွမ်းရှိကြောင်း
Houston ပြည်နယ် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာတက္ကသိုလ်မှ ဆရာဝန်ကြီးတစ်ဦးဖြစ်သူ Dr. Gustavo C. Roman က ပြောကြားခဲ့ပါတယ်။ ဟိုမိုစစ်စတင်းဟူသည်မှာ သွေးထဲတွင်ရှိသောအမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ၎င်း ဟိုမိုစစ်စတင်းပမာဏ မြင့်တက်နေခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါ
ခံစားရခြင်းတို့ကြား ဆက်နွယ်မှုရှိနေပါတယ်။
စမ်းသပ်ချက်များအရ ဗီတာမင်ဘီကို စားဆေးမှီဝဲခြင်းထက် ထိုးဆေးအဖြစ်မှီဝဲခြင်းက
မှတ်ဥာဏ်ချို့ယွင်းသော လူနာများတွင် ပိုမို ထိရောက်မှုရှိကြောင်း Roman က အဆိုပြုပါတယ်။
သက်ကြီးရွယ်အိုများတွင် ခံစားရလေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကို မေ့နေခြင်း
၂။ ဂဏန်းသင်္ချာ ရေတွက်ခြင်း၊ ပြဿာနာများကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲဖြစ်ပေါ်ခြင်း
၃။ နိစ္စဓူဝ ဆောင်ရွက်မှုများတွင် အဆင်မပြေဖြစ်ခြင်း
၎။ အချိန်နာရီများ မသိရှိ၊ မမှတ်မိခြင်း
၅။ စာဖတ်၊ စာရေးခြင်းနှင့် စကားပြောဆိုရာတွင် အခက်အခဲရှိခြင်း
၆။ လူမှုဆက်ဆံရေး ချို့ယွင်းခြင်း
၇။ သိသိသာသာ စိတ်အခြေအနေများပြောင်းလဲခြင်း ၊ စိတ်အလိုမကျဖြစ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၏ လူဦးရေငါးသန်းကျော်လောက်ဟာလည်း အထက်ပါ အယ်လ်ဇိုင်းမားရောဂါ
ခံစားနေရကြောင်း သိရှိရပါတယ်။ ဗီတာမင်ဘီများ မှီဝဲ သောက်သုံးခြင်းဖြင့် မှတ်ဥာဏ်ချို့ယွင်းခြင်းကို အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် မှန်ကန်သင့်လျော်သော ဆေးပမာဏကို သုံးစွဲမယ်ဆိုရင်တော့ မှတ်ဥာဏ်
ချို့ယွင်းသည့်ရောဂါကို ပိုမိုမဆိုးဝါးအောင် တားဆီးထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်လို့ Roman က
ဆက်လက်ပြောကြားသွားပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3